မိုင်းယောင်းမြို့၌ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသစ်ဖွင့်ပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မိုင်းယောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်နေထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောမတ်(ခ)လော်ခယ်နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်တို့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ဧည့်သည်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မိုင်းယောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုံးသစ်ဖွင့်ပွဲသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြု့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)