ခိုလမ်မြို့တွင် တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကျင်းပ

ခိုလမ် ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ခိုအွတ်ကျေးရွာအုပ်စု၊ (၈)မိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့​ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းအောင်မှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ ရေချွေတာသုံးစွဲရေးနှင့် ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှုမပြုရေးနှင့် မြို့စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ခွဲတာဝန်ခံ ဦးကျော်မင်းထွန်းက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးအကြောင်းအရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများမှ သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)