လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာတွင် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားသော နွေစပါးများအား စံကွက်ရိတ်သိမ်း

လှည်းကူး ဧပြီ ၂၄

ရန်ကုန်တိုင်းဒသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နေ့လယ် (၁) နာရီက စပါးအထွက်နှုန်းများ တိုးတက်စေရေး တောင်သူအသိပညာပေးခြင်း လုပ်ငန်းများနှင့် စပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နှံကောက်ထွန်းနွေစပါးများအား စံကွက်ရိတ်သိမ်းပွဲကို ဝါးနက်ကုန်းကျေးရွာ ကွင်းအမှတ်-၉၉၄၊ ဦးပိုင်အမှတ်-(၁၁/၁) တောင်သူ ဦးကိုကိုလေး၏ နှံကောက်ထွန်းစပါးမျိုး စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က စပါးမျိုးစေ့ချကိရိယာ(Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများနှင့် မျိုးစေ့ချကိရိယာ (Seeder)စနစ်ဖြင့် ဆက်လက်၍ ဧကပြည့် စိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နှံကောက်ထွန်းနွေစပါးများ စံကွက်ရိတ်သိမ်းပွဲ (၁၀)ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာတွင် တစ်ဧက အစိုအထွက်နှုန်းအနေဖြင့် (၁၃၀)တင်းနှုန်းနှင့် တစ်ဧကအခြောက်အထွက်နှုန်းအနေဖြင့် (၁၁၇)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)