ကော့မှူး ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က ရပ်ကွက်/ကျေးရွာများနှင့်ဌာနဆိုင်ရာရုံးများ အရောက် သွားရောက်ငှားရမ်းပေးကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်တွင် သုတ/ရသ ၂၀၀၀ ကျော်ပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ပေးလျက်ရှိပြီး ယခုငှားရမ်းပေးစာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များ ထပ်မံငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ စာအုပ်စာပေ အလွယ်တကူဖတ်ရှုနိုင်စေရန် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများနှင့် ရုံးဌာနများအ ရောက် လိုက်လံငှားရမ်းပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)