နောင်တရား ဧပြီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ နောင်တရားပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာ၏သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာကို ယမန်နေ့က ကျင်းပသည်။
နောင်တရားပရိယတ္တိစာသင်တိုက် ဒါယိကာ၊ ဒါယိကာမများက သက်တော် (၈၅) နှစ်ပြည့် နောင်တရားပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒနန္တဂန္ဓမာအား အမူပြု၍ ဆရာတော် သံဃာတော်များအား ဆွမ်းခဲဖွယ်များ ဆက်ကပ်ခြင်း၊ ကြွရောက်လာကြသည့် ဧည့်တော်များအား ဧည့်ခံကျွေးမွေးသည်။ မွန်းလွဲပိုင်းတွင် ဒါယကာ၊ ဒါယိကာမများက ငါးပါးသီလခံယူကာ ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာကို အကြောင်းပြု၍ ပြုလုပ်ရသော ကောင်းမူကုသိုလ်အစုစုအတွက် ဆုတောင်းအမျှတမ်းပေးဝေခဲ့ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)