သီပေါမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

သီပေါ ဧပြီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနက  အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်ဆွေနှင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံကျန်းမာရေးဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  သီပေါမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၁၂၆၀) ဦးရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လစဉ်ပင်စင်လစာထုတ်ရက်များတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း   မြို့နယ်ကျန်းမာရေးဦးစီးဌာမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)