တွံတေး၌ မိုဘိုင်းဖုန်းဖြင့် အခြေခံဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်မှုဆိုင်ရာသင်တန်း ပြုလုပ်

တွံတေး ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် မှတ်တမ်းဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးတည်းဖြတ်မှုဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက ဌာနများမှဝန်ထမ်းများအနေဖြင့် ပြည်သူ့အသိပညာပေးလုပ်ငန်းများနှင့် သတင်းမှတ်တမ်းထုတ်ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းကြောင့် မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းများဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရေးနှင့် ကျွမ်းကျင်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိုဘိုင်းဖုန်းဖြင့် အခြေခံဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်မှုဆိုင်ရာ သင်တန်းကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဓါတ်ပုံကျွမ်းကျင်-၂ ဦးမျိုးလှိုင်မှ ကင်မရာ၏အခြခံသဘောတရားနှင့်ကင်မရာ၏ လုပ်ငန်းဆောင်ရွက်မှု၊ မိုဘိုင်းဖုန်းဖြင့်မှတ်တမ်းဓာတ်ပုံ ရိုက်ကူးပုံအဆင့်ဆင့်၊ ဓာတ်ပုံအယူအဆ၊ ရှု့ထောင့်အလင်းအမှောင်အကြောင်း စာတွေ့၊ လက်တွေ့ ရိုက်ကူးနည်းများ သင်ကြားပို့ချပေးခဲ့သည်။

သတင်းဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ပေးပို့ခြင်း၊ အသံသွင်းခြင်းဆိုင်ရာများကို ဝန်ထမ်းများအား ဧပြီ ၂၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၀ နာရီမိနစ် ၃၀ အချိန်အထိလက်တွေ့ပြသကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

တွံတေးသား