ကျောက်တန်း ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးပွားရေးဘဏ်မှ သတင်းရရှိသည်။
ကျောက်တန်းမြို့နယ်အတွင်းရှိ (အငြိမ်းစား)ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။
ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းပင်စင်စားများအဆင်ပြေစေရေးအတွက် ဧပြီလ ၂၂ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခု အငြိမ်းစားပင်စင်ထုတ်ယူသူ (၄၉၈)ဦးခန့်ထုပ်ပေးပြီးနောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)