ရန်ကုန် ဧပြီ ၂၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်လစာများအား ယမန်နေ့နံနက်(၆:၃၀)နာရီမှစတင်၍ အငြိမ်းစားလစာများအား သန်လျင်မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။
ယင်းသို့ထုတ်ပေးရာတွင် ပင်စင်လာရောက်ထုတ်ယူသူများ သက်တောင့်သက်သာရှိစေရေးအတွက် အမိုးအကာအောက်တွင် ခုံများချထားပေးပြီး အစဥ်အလိုက်ခေါ်ယူထုတ်ပေးလျက်ရှိသည်။
သန်လျင်မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့မှစ၍ ပင်စင်လစာငွေများကို နေ့စဥ်နံနက်(၇)နာရီမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်ပြန်ဆက်)