ကျိုင်းတုံ ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော် လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲကို ဧပြီ ၂၁ ရက်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း က ဂုဏ်ပြုအမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ဆက်လက်ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အတွင်းရေးမှူး ရဲမှူးကြီး အေးသိန်းနှင့်တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လူရည်ချွန်မောင်မယ်များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)