လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများထုတ်ပေး

လားရှိုး ဧပြီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိနေပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လားရှိုးမြို့နယ်တွင် လစဉ်ပင်စင်စတင်ထုတ်ပေးသည့် (၂၂)ရက်နေ့တွင် ပျှမ်းမျှအားဖြင့် ပင်စင်စားဦးရေ(၁၅၀၀)ခန့် လာရောက်ထုတ်ယူကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)