မိုင်းနောင် ဧပြီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ၊မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိဘပင်စင်စားများအား လစဥ် ပုံမှန်(၂၁)ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိ ဝန်ထမ်းများနှင့် ကျန်းမာရေး ၀န်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျကြိုတင် ပြင်ဆင်ထားပြီးအချိန် ကြန့်ကြာမှုမရှိအောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများထုတ် ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ လစဉ် ပုံမှန်ဆောင်ရွက်ပေးမည် ကြောင်း သိရသည်။
မနန်း (မိုင်းနောင်)