ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ငါန်းဇွန် ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစ၍ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့သည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့) ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၅)ဦးအား ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုတွင် ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် အထွေထွေ ကျန်းမာရေးစစ်ဆေးမှုများပါဝင်ပြီး ဆေးဝါးနှင့် ကုသခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမဲ့ဆေးကုသမှုကို လစဉ်ပင်စင်ထုတ်ရက်များတွင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာစိုးမိုးအောင်ထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)