ကျိုက်မရော ဧပြီ ၂၂
ကျိုက်မရောမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်ငွေများကို မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ယနေ့နံနက်ပိုင်းမှစ၍ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာငွေ ထုတ်ယူသူနိုငိငံ့ဝန်ထမ်း အငြိမ်းစားဦးရေ ၇၀၀ ကျော်ရှိရာ ပင်စင်ထုတ်ယူသူများအနေဖြင့် လူစုလူဝေးမဖြစ်စေရန် တစ်နေ့တည်းတိုး၍ ထုတ်ယူစရာမလိုပဲ နေ့စဥ်အချိန်မှန်လာရောက်ထုတ်ယူနိုင်ကြောင်း၊ ဘဏ်ဖွင်ချိန်နံနက် ၈ နာရီမှစတင်ကာ ညနေ ၃း၀၀ နာရီအထိ အေးဆေးစွာထုတ်ယူနိုင်ပြီး အသက်အရွယ်ကြီးသူ၊ ကျန်းမာရေးမကောင်းသူ အငြိမ်းစားများအတွက် ကိုယ်တိုင်လာရောက်ထုတ်ယူစရာမလိုပဲ မိမိ၏ သားသမီးများ၊ ဆွေမျိုးများအား ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူမည့် သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း ကြက်ဥ၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ကုန်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)