ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ဧပြီလအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေး

ငါန်းဇွန် ဧပြီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဧပြီလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယမန်နေ့နံနက် ၆ နာရီမှစ၍ စတင်ထုတ်ပေးလျက်ရှိသည်။

ငါန်းဇွန်မြို့နယ်တွင် မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စား ဟူ၍ ပင်စင်စားဝန်ထမ်းဦးရေ စုစုပေါင်း (၆၆၁) ဦးရှိပြီး ယမန်နေ့တွင် (၃၁၂) ဦးကို ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် နာမကျန်းပင်စင်စားဝန်ထမ်းများ အနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပြီး ကိုယ်စားထုတ်ယူမှု များပြားပါက Video Call ဖြင့် ခေါ်ယူစစ်ဆေး၍ လည်းကောင်း၊ အိမ်တိုင်ရာရောက် စစ်ဆေး၍လည်းကောင်း အတည်ပြုလေ့ရှိကြောင်း၊ ပင်စင်လစာများ ထုတ်ပေးခြင်းကို လစဉ် ၂၁ ရက်နေ့မှစ၍ (ရုံးပိတ်ရက်များမပါ)နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)