ဗန်းမော်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများ စိတ်အေးချမ်းသာစွာ ပင်စင်များ ထုတ်ယူလျက်ရှိ

ဗန်းမော် ဧပြီ ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်(ဗန်းမော်)တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ဧပြီလ ၂၂ ရက် နံနက် ၇ နာရီအချိန်မှ စတင်ထုတ်ပေးရာ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းပင်စင်စားများ စိတ်အေးချမ်းသာစွာ ထုတ်ယူလျက်ရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရန် စောင့်ဆိုင်းနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ဗန်းမော်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီးဒေါက်တာအောင်ကျော်စိုး အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့တို့က အာဟာရဒါနများကျွေးမွေးခဲ့ကြပြီး ကြက်ခြေနီအသင်းအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများကပင်စင် လာရောက်ထုတ်ယူကြသည့် အဘိုးအဘွားများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုတိုင်းတာပေးခြင်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး သွေးတိုး၊ ဆီးချိုကျဆေးစသည့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)