ပျော်ဘွယ် ဧပြီ ၂၀
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က မိမိတို့အသင်းသည် ငွေကြေးနှင့်ပတ်သက်ဆက်နွယ်နေသောကြောင့် ပြည်သူများ၊ အသင်းဝင်များ အထင်အမြင်လွဲမှားမှုမရှိစေရေး၊ စာရင်းဇယားများတိကျမှန်ကန်ရေးတို့ကို အထူးဂရုပြုရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လစဉ်အသင်းဝင်များထံမှ ကောက်ခံရရှိမှု၊ စာရင်းစစ်ဆေးခဲ့မှု၊ ထောက်ပံ့ကြေးပေးနိုင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသင်းအမှုဆောင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း၊ အငြိမ်းစားဝန်ထမ်းများဖြင့်ဖွဲ့စည်းထားသော နာရေးကူညီမှုအသင်းတွင် အသင်းဝင်ပေါင်း (၁၅၀၀)ဦးခန့်ရှိပြီး အသင်းဝင်တစ်ဦး နာရေးဖြစ်ပေါ်ပါက ထောက်ပံ့ကြေးအနေဖြင့် ငွေကျပ်တစ်သိန်းခြောက်သောင်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)