ကသာ ဧပြီ ၁၈
နှစ်သစ်ကူးအခါသမယ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယမန်နေ့နံနက် (၁၁)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကသာမြို့အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၇)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထိုသို့လွတ်မြောက်ခဲ့ကြသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းကို ကသာအကျဉ်းထောင်ရှိ ဧရာရန်အောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်၊ ကသာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်နှင့် ကသာမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းတို့က ဆုံးမဩဝါဒစကားများပြောကြားခဲ့ပြီး ကသာအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က လွတ်ငြိမ်းသက်သာခွင့်ကတ်ပြားနှင့် ခရီးစရိတ်၊ စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ကသာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း (၇)ဦးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)