ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

ကချင် ဧပြီ ၁၇

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ဗန်းမော်မြို့နယ်၌ သက်ကြီးဘိုးဘွား(၂၁) ဦးအား အလှူငွေနှင့် ဆေးပစ္စည်းများကိုလည်းကောင်း၊ ဝိုင်းမော်မြို့နယ်၌ သက်ကြီးဘိုးဘွား (၄၅)ဦးအား အသုံးအဆောင်နှင့် ဆေးဝါး၊ အလှူ‌ငွေများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို ဗန်းမော်မြို့နယ်၌ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၁)သောင်း၊ ငါးမြစ်ကြင်းသားပေါက်ကောင်ရေ (၂)သောင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ (၁)သိန်း(၂)သောင်း၊ စုစုပေါင်း(၁)သိန်း (၅)သောင်းကိုလည်းကောင်း၊ ဝိုင်းမော်မြို့နယ်၌ ဧရာဝတီမြစ်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၁၀၀၀၀၀)ကိုလည်းကောင်း  လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်