မက်မန်း ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ရပ်ကွက်(၁)၊ လွယ်ဟိုလာရိပ်သာဗဟိုမဏ္ဍပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့(သင်္ကြန်အတက်နေ့) ညနေ ၄ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခလရ(၂၂၅)မှ ဒုတိယဗိုလ်မှူးကြီးဦးနောင်နောင်ဦးနှင့် အရာရှိစစ်သည်များ၊ နယ်ခြားစောင့်တပ်အမှတ်(၁၀၁၀)မှ ဗိုလ်မှူးဇေယျာမြင့်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များနှင့် သင်္ကြန်ချစ်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ယိမ်းအဖွဲ့(၈)ဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခလရ(၂၂၅)မှ ဒုတိယဗိုလ်မှူးကြီး ဦးနောင်နောင်ဦး၊ နယ်ခြားစောင့်တပ်အမှတ်(၁၀၁၀)မှ ဗိုလ်မှူးဇေယျာမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိများက ဆုရရှိကြသည့် ယိမ်းအဖွဲ့များအား ဆုတော်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို”သင်္ကြန်အပိတ်သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေ၍ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်အခမ်းအနားကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)