ကျိုင်းတုံ ဧပြီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျိုင်းတုံနာရီစင်ရှေ့၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်တာဝန်ရှိသူများက သင်္ကြန်ကာလအတွင်းကပြဖျော်ဖြေသွားသည့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ ယိမ်းအဖွဲ့များနှင့် ရပ်ကွက်များအလိုက် ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှု ယိမ်းအဖွဲ့များနှင့် ဧည့်ခံဖျော်ဖြေပေးသည့် အဆိုအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲကို မြနန္ဒာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ယိမ်းအကအဖွဲများက ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)