တုံတာ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မဲရုံတာဝန်ထမ်းဆောင်မည့်အဖွဲ့ဝင် များအား မဲရုံလုပ်ငန်းများနှင့် တာဝန်ခွဲဝေပေးခြင်းဆင့်ပွားသင်တန်းကို တုံတာမြို့ပေါ်ရှိ သက်ဆိုင်ရာ ရပ်ကွက်မဲရုံများတွင် ယနေ့နံနက်၉နာရီခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ရပ်ကွက်မဲရုံများတွင် တာဝန်ကျမဲရုံမှူးများက မဲရုံအဖွဲ့ဝင်များအား မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မှင်တို့သူ၊ မဲရုံလုံခြုံရေး၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများနှင့် မဲဆန္ဒရှင်လူဦးရေပေါ်မူတည်၍ ပြင်ဆင်ရမည့် ပုံစံများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထိုသို့ ဆင့်ပွားသင်တန်းဆောင်ရွက်ခြင်းဖြင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ဆင်မှုများ စနစ်တကျရှိစေခြင်း၊ ကျန်းမာရေးနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျမဲပေးနိုင်ခြင်း စသည့် မဲပေးသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း ရပ်ကွက်-၃ မဲရုံမှူး ဒေါ်စိုးစိုးမင်းထံမှ သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)