ဒလ ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြန်သက္ကရာဇ် ၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာ အစဥ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန့်နေ့ ညနေ (၅)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗဟိုမဏ္ဍပ်ပိတ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဗဟိုရေကစားမဏ္ဍပ်တွင် ကပြဖျော်ဖြေပေးသည့် ယိမ်းအကအဖွဲ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများက ဂုဏ်ပြုဆုငွေများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်ကပြဖျော်ဖြေတင်ဆက်၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒလမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို အေးချမ်းပျော်ရွှင်စွာ ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)