နတ်မောက် ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် သံဃာ ၅၆၀ ပါးအား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က မြို့လယ်လမ်းမကြီးတလျှောက်ဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)မှ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအထိ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတို့မှ ရဟန်းသံဃာတော်များ စိတ်အေးချမ်းသာစွာ သာသနာ့လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ကြစေရန်အတွက် ရပ်ကွက်ကျေးရွာများရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ပင့်သံဃာ ၅၆၀ ပါးအတွက် ဆွမ်းဆန်များ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
လှဝင်း