သာကေတ နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံ့ပြင်ပရောက် ပြည်သူ များနှင့် မဲဆန္ဒနယ် ပြင်ပရောက် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သာကေတမြို့နယ် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများမှ ကြိုတင်မဲဆန္ဒရှင်စာရင်းများ ပြုစုပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို တာဝန်ရှိသူများမှ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ နိုင်ငံ့ပြင်ပ ရောက် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်(၈၂၉)စောင်အား ယမန်နေ့ ညနေ(၄) နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်မဲပုံးများသို့ ထည့်သွင်းဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။
သာကေတမြို့နယ်၊ ရပ်ကွက်(၁၉)ရပ်ကွက်၌ မဲရုံ(၂၁၁)ရုံထားရှိပြီး မဲဆန္ဒရှင် စုစုပေါင်းဦးရေ (၁၇၄၇၅၁) ဦးရှိကာ သာကေတမြို့နယ်မှ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ (၁၀၂၂)ဦး ရှိသည့် အနက်မှ စီစစ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်(၈၂၉)စောင်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအသီးသီး၏ ရှေ့တွင် အတည်ပြုကာ သက်ဆိုင်ရာကြိုတင် မဲပုံးများသို့ နိုဝင်ဘာ (၄)ရက်နေ့နှင့် (၅)ရက်ထိ(၂)ရက်တာ ထည့်သွင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)