စဉ့်ကိုင် နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ မဲရုံ ပြင်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့ နံနက်(၁၁)နာရီကတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုး ဦးအောင်ဟိန်း နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကံမြင့်နှင့် တာဝန်ရှိသူများက သစ်ခေါက်ကျေးရွာအုပ်စု အတွင်းရှိ မဲရုံများ၊ တဘက်ဆွဲကျေးရွာအုပ်စုရှိ မဲရုံများ၊ ပလိပ်ကျေးရွာအုပ်စု အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေစစ်ဆေးခြင်းနှင့် အသက်(၆၀)နှစ်အထက် ကြိုတင် ဆန္ဒမဲပေးနေသည့် ပြည်သူများအား အားပေးကြည့်ရှု့ခြင်းနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး မဲရုံအတွက် လိုအပ် နေမှုများကို တာဝန်ရှိသူများ က မှာကြားခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၅၃)အုပ်စုရှိ ၍ မဲရုံပေါင်း (၁၄၂)ရုံ ပြင်ဆင်ထားရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ စုစုပေါင်း(၁၁၈၄၁၈) ရှိကြောင်းသိရသည်။
ညိုညိုဝင်း(စဉ့်ကိုင် ပြန်/ဆက်)