နွားထိုးကြီး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးမြမောင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ မဲပေးခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း လုပ်ကိုင်ဆော်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့် ပတ်သက်သည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များ စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အထွေထွေရွေကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)