ဒဂုံမြို့နယ်တွင် ကန့်သတ်စောင့်ကြည့်သူ ၂၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် Swab နမူနာစစ်ဆေး

ဒဂုံ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း အ-ထ-က(၂)ကျောင်း၌  ဖွင့်လှစ်ထားသော  Community Base Facility   Quaratine တွင် ဝင်ရောက်နေသည့် Positive လူနာအနီးကပ်ထိတွေ့သူများနှင့် အနံ့မရရှိသူ( ၂၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  Test Kit ဖြင့် Swab နမူနာစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ ဆောင်ရွက်ပေးကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ပေးရာတွင် Positive လူနာ အနီးကပ်ထိတွေ့သူများနှင့်  အနံ့မရရှိသူ(၂၂)ဦး အနက် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၁၄)ဦး၌သာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် ရောဂါ ဆက်လက်ကုသနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကုသရေးစင်တာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)