ကျောက်မဲ နိုဝင်ဘာ ၆
ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည့် အသက် (၂၅)အရွယ် ကိုဗစ်ပိုးတွေ့လူနာ(Case 49619)သည် သတ်မှတ်ရက်အတွင်း ရောဂါခံစားရခြင်းမရှိဘဲ သက်သာပျောက်ကင်းပြီဖြစ်သောကြောင့် ယနေ့နံနက် ၁၁ နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာသည် ယဉ်မောင်းတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၉ရက်နေ့က ကျောက်မဲမြို့သို့ရောက်ရှိလာပြီး အောက်တိုဘာလ ၂၃ ရက်နေ့က ၎င်း၏ ဓါတ်ခွဲနမူနာကို ရယူပေးပို့ စစ်ဆေးခဲ့ရာမှ အောက်တိုဘာလ ၂၆ ရက်နေ့က ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့တွင် ကိုဗစ်လူနာ (၆)ဦးရှိခဲ့ရာ (၆)ဦးစလုံး ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်သောကြောင့် ကျောက်မဲမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးမှ မရှိတော့ကြောင်း ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာနန်းရီလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)