ကြည့်မြင်တိုင်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကွင်းဆင်း စစ်ဆေး

ကြည့်မြင်တိုင်  နိုဝင်ဘာ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံတို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံများ ခင်းကျင်းပြင်ဆင်ထားရှိမှု၊ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ကြည့်မြင်တိုင်မြို့နယ်တွင် မဲရုံ (၇၁)ရုံ ရှိကာ ကျောင်းများ ရပ်ကွက်များနှင့် ယာယီမဲရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့၌ ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့် အညီ စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများအား တာဝန်ရှိသူများကို မှာကြား ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)