နောင်ချို ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ နဝမအကြိမ်မြောက် မဟာသတိပဋ္ဌာန်မိုးကုတ်ဝိပဿနာ (၅)ရက်တရားစခန်း တတိယည တရားပွဲကို ယမန်နေ့ည ၇နာရီ အချိန်က ကျင်းပခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
တရားပွဲ၌ ဥာဏ်တောကျောင်းတိုက်ဆရာတော် အရှင်ခန္တီသောမက နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ချီးမြှင့်ကာ နဝမအကြိမ်မြောက် မိုးကုတ်ဝိပဿနာတရားစခန်းတရားပွဲ တတိယညသို့ ရဟန်း၊ ယောဂီသူတော်စင် ၂၈၉ ဦး တရားနာကြွရောက်ခဲ့ကြောင်း၊ တရားစခန်းကို ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရဦးဆောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် တရားစခန်းသို့ ဝင်ရောက်ကြသည့် ရဟန်းလူယောဂီသူတော်စင်များ ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်ကြစေရန် အလှူရှင်များအနေဖြင့် နံနက်အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာ လျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အား လှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေးအကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)