ကျိုက်မရောမြို့နယ်တွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ကျိုက်မရော ဧပြီ  ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများအား သွားနှင့်ခံတွင်းရောဂါစောင့်ရှောက်မှုလုပ်ငန်းများကို ဧပြီလ ၁၂ ရက်မှစတင်ကာ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကုသရေးအဖွဲ့သည် သင်္ကြန်ရက်များအတွင်း သွားနှင့် ခံတွင်းရောဂါများကို ဇိဝိတဒါနအဖြစ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဥ်နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ခေတ်မီစက်ကိရိယာများဖြင့် သွားနှင့်ခံတွင်းလူနာများအား အခမဲ့စမ်းသပ်ကုသေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် သွားနှင့်ခံတွင်းအထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းအကူသူနာပြုများ စုစုပေါင်း (၃၁)ဦးပါဝင်ပြီး သင်္ကြန်အကြိုနေ့မှ ယနေထိ သွား၊ ခံတွင်း လူနာစုစုပေါင်း (၄၀၃)ဦးကို အခမဲ့စမ်းသပ်ကုသပေးခဲကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)