လယ်ဝေးမြို့နယ်အတွင်း သင်္ကြန်အကြတ်နေ့တွင် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့်စည်ကား

လယ်ဝေး ဧပြီ ၁၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး (သင်္ကြန်အကြတ်နေ့) တွင် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

လယ်ဝေးမြို့နယ်၊ သာဝတ္ထိ၊ စမတောင်ပရဟိတဂေဟာတွင် အလှူရှင်များက မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ် စသည့် မုန့်မျိုးစုံဖြင့် ကလေးငယ်များအား စတုဒိသာများကျွေးမွေးလှူဒါန်းကာ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း သင်္ကြန်ကာလတွင် တစ်ဦးချင်းစေတနာရှင်နှင့် အစုအဖွဲ့စေတနာရှင်များ က ထမင်း၊ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ၊ ကြာဇံကြော်၊ ကြာဇံဟင်းခါး၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်နှင့် မုန့်လက်ဆောင်းများကို စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ကောင်းမှူကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)