မိုးညှင်းမြို့ အထင်ကရ‌နေရာများ၌ သင်္ကြန်အကြတ်နေ့တွင် ပြည်သူများရေပက်ကစားကြသူများဖြင့် စည်ကားများပြား

မိုးညှင်း ဧပြီ ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့အထင်ကရ‌နေရာများ၌ ဧပြီ (၁၅)ရက် (သင်္ကြန်အကြတ်နေ့) တွင် လာရောက်အပန်းဖြေအနားယူကြ‌သော ဒေသခံပြည်သူများမှ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် မိုးညှင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများအား မြို့ပေါ်နှင့် အခြားအထင်ကရနေရာများဖြစ်ကြသော မိုးညှင်း‌ချောင်းသာနှင့် ကာဒူ Guitar lake သဘာဝရေကူးကန်မှ Dj သံစဥ်‌တေးသွားသီချင်းများအပါအဝင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် လည်း ရေပက်ကစားကြသူများဖြင့် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြကြောင်း သိရသည်။

ထို့အပြင် ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ပန်း၊ ဆီမီး၊ ရေချမ်းနှင့် အမွှေးနံ့သာများ ထွန်းညှိပူဇော်ကြခြင်းများ၊ ရွှေသင်္ကန်းများ ကပ်လှူကြခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းကြခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းနှင့် ဥပုသ်သီလစောင့်သည်ကြခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း