မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ကြိုတင် ဆန္ဒမဲပေးခြင်း ဆောင်ရွက်

မန့်ဟီးရိုး       နိုဝင်ဘာ               

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ()ရက် နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ကြိုတင် ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ()ရက်နေ့မှစတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မန့်ဟီးရိုးမြို့၊ အမှတ်()ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင် ဆန္ဒမဲများလာရောက်ပေးလျက်ရှိသည်။

ကြိုတင်ဆန္ဒမဲများမပေးခင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြိုတင် ဆန္ဒမဲပုံးများထဲ၌ မည်သည့်အရာမှ မပါရှိကြောင်းကို ကော်မရှင်အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများရှေ့မှောက်တွင် ပြသခြင်းနှင့် ချိတ်ပိတ်ခြင်း များကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ၊  တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒရှင်များ၊ အသက်(၆၀)နှစ်အထက်သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒ္ဒမဲပေးခဲ့ကြသည်။

မန့်ဟီးရိုးမြို့၊ ရပ်ကွက်/ကျေးရွာအုပ်စု()အုပ်စုတွင် မဲရုံပေါင်း()ရုံ ဖွင့်လှစ်ထားရှိပြီး နိုဝင်ဘာလ()ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာရောက် ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)