မိုးမိတ်မြို့၌ ရွေးကောက်ပွဲကာလအတွင်း စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး

မိုးမိတ်    နိုဝင်ဘာ    ၆       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလ အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီ အချိန်က မိုးမိတ်မြို့ နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်သူရ နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဆီဆိုင်များတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ /မရှိ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးလုံ ခြုံမှုရှိစေရေးအတွက် လိုက်လံစစ်ဆေးခဲ့သည်။

ရွေးကောက်ပွဲကာလအတွင်း မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိမဲရုံများနှင့် မြို့နှင့်အနီးတစ်ဝိုက်ရှိမဲရုံများအား ဆက်လက်စစ်ဆေး သွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ်ဖြစ် ပေါ်လာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် လုံခြုံရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကိုလည် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မိုးမိတ်သား(စည်သူဌေး)