သာကေတ ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြန်မာသက္ကရာဇ်၁၃၈၅ ခုနှစ်၊ မြန်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ ညနေ ၅ နာရီအချိန်၌ မြင်တော်သာလမ်း၊ မြကန်သာပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ အဖွဲ့ဝင် (၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗိုလ်တထောင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ အတွင်းရေးမှူး ဗိုလ်တထောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း၊ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်မင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်းနှင့် ရုံးအဖွဲ့များ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၃၅၀)ဦး ခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်ပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များမှ ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာများဖြင့် အတာရေပက်ဖျန်းခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ အဖွဲ့ဝင် (၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗိုလ်တထောင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ အတွင်းရေးမှူး ဗိုလ်တထောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်တို့မှ ဆုချီးမြှင့်ခဲ့ကာ ညနေ ၆ နာရီ အချိန်တွင် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား အားရုတ်သိမ်း ခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)