စစ်ဗျူဟာရေကစားမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း ဧပြီ ၁၄

မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ စစ်ဗျူဟာတပ်နယ် ရေကစားမဏ္ဍပ်တွင် ကျင်းပရာ စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က ဆုတောင်းနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ဟိန်းတပ်နယ်ရေကစားမဏ္ဍပ်ကို စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ဟိန်းတပ်နယ်မှ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက သင်္ကြန်သီချင်းများဖြင့် ချီးမြှင့်ပေးပြီး ဖျော်ဖြေရေးယိမ်းအကအဖွဲ့များက ဆက်လက်ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)