ဒေါပုံ ဧပြီ ၁၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ရေကစားမဏ္ဍပ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင် က ဒေါပုံမြို့နယ်ရေကစားမဏ္ဍပ်ကို အောင်မြင်စွာဖွင့်လှစ်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝေဇင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းစိုး တို့က မြို့နယ်ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းနှင့် မြနန္ဒာသီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြရာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များမှ သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်းခဲ့ကြ ကြောင်း သိရသည်။
ဒေါပုံမြို့နယ် ရေကစားမဏ္ဍပ်ကို အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့ (၄) ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ နေ့စဥ် စတုဒိသာများဖြင့် အလှည့်ကျဧည့်ခံသွားမည်ဖြစ်ပြီး ယိမ်းအက၊ ယိမ်းအလှများဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)