မင်္ဂလာတောင်ညွန့် ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က အထက်ပန်းဆိုးတန်းလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၃) ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှုးကျော်ကျော်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဦး၊ အဖွဲ့ဝင် (၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးသက်ခိုင်တို့က မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထိုနောက် မြူမှောင်ဝေကင်းသီချင်းနှင့် မြနန္ဒာသီချင်းတို့ဖြင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေကြရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းးထွန်းနှင့် အဖွဲ့ဝင်များမှ သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်တွင် သင်္ကြန်ကာလ(၄)ရက်အတွင်း ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်္ကြန်ယိမ်းအဖွဲ့ဝင်များက ကပြဖျော်ဖြေခြင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)