ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒဂုံတောင် ဧပြီ ၁

မြန့်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်ကို မြန်မာ့ထုံးတမ်းအစဉ်အလာများနှင့်အညီ နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်လည်း အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီ ၃၀မိနစ်က ၆၄ရပ်ကွက်၊ ပြည်‌ထောင်စုလမ်း‌ရှိ မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ အဖွဲ့ဝင် () ဗိုလ်မှူးဝင်းမြင့်‌‌အောင်နှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့်  စုပေါင်းကပြဖျော်ဖြေကြကာ တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့်   တက်ရောက်လာသည့်    ဧည့်ပရိသတ်များအား ပျော်ရွှင်စွာ အတာရေ‌ အေးပက်ဖျန်းကြကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ မြို့နယ်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီဆိုဖျော်ဖြေမှုများအပြင်၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။

သန်းသန်းအေး