ဝမ်းတွင်း ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဧည့်ခံဖျော်ဖြေကြသည့် သင်္ကြန်ယိမ်းအက လှပျိုဖြူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာ အကြီးအကဲများက အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ကြသည်။
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော် အရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုရဲ(ဝမ်းတွင်း)