သန်လျင်မြို့နယ်မဟာသင်္ကြန်ရိုးရာ ဗဟိုမဏ္ဍပ်ဖွင့်လှစ်

ရန်ကုန် ဧပြီ ၁၄

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ကျိုက်ခေါက်ဘုရားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးစိုးတင့် က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးတင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးချစ်ညီညီ၊ အဖွဲ့ဝင် (၂) ဦးဆန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့မိမြို့ဖ ဦးမြင့်ဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြန်မာရိုးရာအစဥ်အလာမပျက် သပြေခက်ဖြင့် အတာရေပက်ဖြန်းပေးကြသည်။

သန်လျင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယိမ်းပြိုင်ပွဲ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြမှုများနှင့်  စတုဒီသာကျေးမွေးလှူဒါန်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)