လွိုင်လင် ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် (ချယ်ရီမြေ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးကြီးရှေ့ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ချယ်ရီမြေ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲသို့ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ သင်္ကြန်ချစ်သူများ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချယ်ရီမြေလမ်းလျှောက်သင်္ကြန်ကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပြည်သူများကို စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးကြပြီး တပ်နယ်မှူးနှင့် အကြီးအကဲများက လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်များသို့ လှည့်လည်၍ ပျော်ရွင်စွာ ရေကစားကြသည်။
လွိုင်လင်မြို့ ချယ်ရီမြေလမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍာပ်များတွင် ဌာနဆိုင်ရာစုပေါင်းရေကစားမဏ္ဍပ် ၁၃ ခုနှင့် ပုဂ္ဂလိကရေကစားမဏ္ဍပ်များဖြင့် စတုဒိသာကျွေးမွေးခြင်းများကို သင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်နေ့အထိ) နေ့စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်၊ ပြန်/ဆက်)