ခရမ်းမြို့နယ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနား  ကျင်းပ

ခရမ်း  ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး ၊  သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅) နာရီက ခရမ်းမြို့ အမှတ် (၂)ရပ်ကွက်၊ ဘုရားလမ်း‌ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်တွင်  ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်ရဲ ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်မျိုးလတ်၊ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ အဖွဲ့ဝင်(၃) လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန့် တို့က မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များက  မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအလှကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ပျော်ရွှင်စွာ အတာရေပက်ဖျန်းခြင်း၊ စတုဒီတာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရမ်း/ပြန်ဆက်