ထန်းတပင်(ရန်ကုန်) ဧပြီ ၁၄
မြန်မာ့သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ကုမုဒြာပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက နှစ်သစ်ဆုတောင်းအမှာစကားများ ပြောကြားခဲ့ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ်(၈၂) ခြေမြန်တပ်ရင်း ဒုတိယဗိုလ်မှူးကြီး နိုင်ဘိုဘို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၂)ဦးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးခင်ဆွေနှင့် ဦးသိန်းရီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအဖွဲ့ (၉) ဖွဲ့တို့မှ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဂုဏ်ပြုတေး သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်တစ်ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ် (၅၉) ခုတို့ဖြင့် ပျော်ရွှင်စွာ ရေကစားလျက်ရှိကာ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဗဟိုမဏ္ဍပ်ရေကစားမဏ္ဍပ်တွင်လည်း နေ့စဉ်ယိမ်းအဖွဲ့ (၉) ဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ တေးဂီတဖျော်ဖြေပွဲများနှင့် စတုဒိသာကျွေးမွေးခြင်းတို့ ဖြင့်စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)