မရမ်းကုန်းမြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မရမ်းကုန်း ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်လုံးဆိုင်ရာ “ပိတောက်ချစ်သူ မဟာသင်္ကြန်မဏ္ဍပ်”တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သော နှစ်သစ်ကူးပွဲတော် မဟာသင်္ကြန်အကြိုနေ့  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့‌ကြောင်း သိရသည်။

 အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သင်္ကြန်မယ်များမှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ တာဝန်ရှိသူများက ဆုတော်ငွေများ ချီးမြှင့်ခြင်း၊ အတာရေများပက်ဖြန်းခြင်းများ ကျင်းပခဲ့ကြသည်။

 အဆိုပါရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ကြီးမှူးပြီး သင်္ကြန်နှစ်သစ်ကူးကာလများဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ မရမ်းကုန်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)