မိုင်းဆတ် ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄ခုနှစ် မြန်မာရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီက မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကျောင်းရပ်၊ လိမ္မော်သီးလမ်းဆုံတွင် တည်ဆောက်ထားသည့် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးညီညီထွေးက နှစ်သစ်ကူးမိန့်ခွန်းပြောကြားပြီးနောက် အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ဦးစိုင်းခတ္တိယ၊ ဦးရှီးမွန်လေး၊၊ ဦးကျဟယ်၊ ဦးယောဘတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအဖွဲ့များက “မင်္ဂလာရှိသော” သင်္ကြန်သီချင်းနှင့် “သင်္ကြန်မိုး”သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဧည့်သည်တော်များအား အတာရေပက်ဖျန်းခြင်း၊ စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းနှင့် ကပြဖျော်ဖြေမှုကို ကြွရောက်လာကြသည့် ဧည့်သည်တော်များက ယိမ်းအကအဖွဲ့များကို ဆုတော်ငွေများချီးမြှင့်ခဲ့ကြပြီး မိုင်းဆတ်မြို့၏ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခိုင်သဲစုပိုင်(မိုင်းဆတ်)