မှော်ဘီဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့သက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ငွေတင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်အောင်တို့အား မင်္ဂလာစံပယ်ပန်းကုံးများ အသီးသီး ချီးမြှင့်ကာ ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး “မြူမှောင်ဝေကင်း” တေးသီချင်းဖြင့် ယိမ်းပျိုမေများမှ ကပြခြင်းနှင့် အတာရေများ ပက်ဖျန်း၍ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ “တူယှဉ်နွှဲ ပျော်မှော်ဘီသင်္ကြန်ပွဲတော်”ရေကစားမဏ္ဍပ်အား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)