မင်္ဂလာဒုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရွှေဝါဖူးရေကစားမဏ္ဏပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မင်္ဂလာဒုံ ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် အမှတ်(၃)လမ်းမကြီး၊ ရွှေနံ့သာစံပြကျေးရွာ၌ ရွှေဝါဖူးရေကစားမဏ္ဏပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွှန့်၊ မင်္ဂလာဒုံတပ်နယ်စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းကျော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှပျိုဖြူများအား သပြေခက်ဖြင့် အမွှေးနံ့သာရေများ ပက်ဖျန်း​ပေးခဲ့ကြသည်။

ဆက်လက်၍ ရွှေဝါဖူးယိမ်းအဖွဲ့၊ သင်္ဃန်းကျွန်းယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြပြီးနောက် တေးသံရှင်များ၊ dancer များကလည်း​ မြန်မာရိုးရာသင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ ပြည်သူများကလည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ပျော်ရွှင်ကြည်နူးစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)